စံ ဆေးဆိုင်
Ratings
0Medicines
.
သုံးခွမြို့နယ်ရှိ ဆေးဆိုင်နှင့် စျေးဆိုင်များတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသောပစ္စည်းများရောင်းချမှု ရှိ/မရှိလိုက်လံစစ်ဆေးခြင်းများ ပြုလုပ်
သုံးခွမြို့နယ်၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်၊ နံနက်(၁၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်ရှိ ဆေးဆိုင်များနှင့် မြို့မစျေးဝန်းကျင်ရှိ စျေးသည်များအား စစ်ဆေးခဲ့ပါသည်။
ဆေးဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချမှုရှိ/မရှိကို စစ်ဆေးခဲ့ပါသည်။ စျေးနှင့် စျေးပတ်ဝန်းကျင်ရှိ စျေးဆိုင်များတွင် သတ်မှတ်ချက်ပမာဏထက်ကျော်လွန်နေသော ငရုတ်လှော်မှုန့်၊ ငရုတ်သီးမှုန့်/ဟင်းချက်မှုန့်၊ မြေပဲဆီသန့်နှင့် မျှစ်များကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးစျေးတာဝန်ခံများနှင့်အတူ လိုက်လံစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။